
ငယ်ရွယ်စဉ်ကတည်းက အသားများများ စားသုံးလေ့ရှိသူများ
သွေးကင်ဆာဖြစ်ပွားရန် ရာခိုင်နှုန်းများ
ငယ်ရွယ်စဉ်ကပင် စတင်ကာ အသားများများ စားသုံးလေ့ရှိသူများသည် အရွယ်ရောက်လာသည့်အခါ သွေးကင်ဆာရောဂါဖြစ်ပွားရန် ရာခိုင်နှုန်းများကြောင်း အမေရိကန်ဟားဗတ်တက္ကသိုလ်မှ သုတေသန ပညာရှင်များက သတိပေးလိုက်သည်။ စားသောက်မှုအလေ့အထသည် သွေးနှင့်ပတ်သက်သော ရောဂါများကို ဖြစ်ပွားစေရန် တွန်းအားပေးသည့်အချက်ဖြစ်ကြောင်း၊ အသက်နှစ်နှစ်မှ ၂၀ အရွယ်အကြား ကလေးငယ်နှင့် လူငယ်များအနေဖြင့် အသားများများ စားသုံးခြင်းသည် ဆိုးရွားသော သွေးနှင့်ပတ်သက်သည့် ရောဂါများဖြစ်ပွား စေတတ်ကြောင်း ၄င်းတို့သုတေသနပြုလုပ်ချက်၌ ဖော်ပြထားသည်။ ငယ်ရွယ်စဉ်ကပင် အသားများများ စားသုံး လေ့ရှိသူများအနေဖြင့် သွေးကင်ဆာဖြစ်ပွားရန် ၇၄ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ အသားများများ စားသုံးလေ့ ရှိသူများ၏ သွေးအတွင်း၌ သွေးကလာပ်စည်းများ ပျက်စီးမှုမှာ သာမန်လူများထက် ပိုမိုများပြားကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။ ထို့ကြောင့်ငယ်ရွယ်စဉ်ကပင် ဟင်းသီးဟင်းရွက်များကို များများစားသုံးသည့် အလေ့အထရစေရန် ပြုစုပျိုးထောင်ပေးသင့်ကြောင်း ၄င်းတို့က အကြံပြုထားသည်။
ဗီတာမင်စီ ပါဝင်သော အစားအစာများ ပုံမှန်စားသုံးပေးခြင်းဖြင့်
အဆစ်အမျက်ရောင်ရောဂါ အမျိုးသားများ၌ မဖြစ်ပွားနိုင်
ဗီတာမင်စီ ပါဝင်သောအစားအစာများ နေ့စဉ်စားသုံးမှု လျော့နည်းပါက အမျိုးသားများတွင် အဆစ်အမျက်ရောင်ရောဂါ ခံစားနိုင်ရကြောင်း ပြင်သစ်သုတေသနပညာရှင်က ထုတ်ဖော်ပြောကြားသည်။ သံပုရာသီး၊ လိမ္မော်သီးနှင့် အခြားသော ဗီတာမင်စီပါဝင်သည့် အစားအစာများကို သတ်မှတ်ထားသော ပမာဏ ပြည့်မီစွာ စားသုံးပါက အမျိုးသားများတွင် အဆစ်အမျက်ရောင်ရောဂါ မခံစားရနိုင်ကြောင်း ၄င်းတို့က ပြောကြားသည်။ အမျိုးသားများအနေဖြင့် တစ်နေ့လျှင် ဗီတာမင်စီ ဂရမ် ၁၀၀၀ မှ ဂရမ် ၁၅၀၀ အတွင်း စားသုံးပေးပါက အဆစ်အမျက်ရောင်ရောဂါဖြစ်ပွားမှု ၃၄ ရာခိုင်နှုန်း လျော့နည်းစေကြောင်း သိရသည်။ ဗီတာမင်စီသည် ခန္ဓာကိုယ်အတွင်း အဆစ်အမျက်ရောင်ရောဂါ ဖြစ်ပွားစေသည့် ယူရစ်အက်စ် သာမန်ထက်များမှုသည် ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်စဉ်ကို ပြောင်းလဲကာ ဆိုးရွားသည့် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေကြောင်း ပြင်သစ်သုတေသနပညာရှင်များက ပြောကြားသည်။
မြန်မာ့အလင်း(အင်တာနက်ကျန်းမာရေး)မှ
0 comments:
Post a Comment