Thursday, November 15, 2012
Subscribe to:
Post Comments (Atom)
တစ်ဖက်သတ်ရင်ခုန်သံ
ကောင်မလေးရယ် ....
မင်းနဲ့ပတ်သက်ရင် ပုံမှန်ထက်ပိုလွန်းတဲ့
ရင်ခုန်သံစည်းချက်တွေအကြောင်းကိုပြောပြချင်တာပါ
မင်း သိနိုင်မလား ...ငါ့ရင်ထဲမှာတော့
လေထုနဲ့ မထိတွေ့သေးတဲ့ စကားလုံးတွေရှိနေလေရဲ့ ....
မဖြစ်နိုင်ပေမဲ့ မြေ၀သုန်ကနေကောင်းကင်က လတစင်းရဲ့ချစ်ခြင်း
ယုံကြည်ခြင်းအပြည့်နဲ့ မျှော်လင့်ချင်သေးတယ် ...
ဘာမှမလိုပါဘူး ကောင်မလေးရယ် ....
စိတ်ကူးထဲမှာတောင် မင်းအနမ်းထက်
လှိုက်လှဲတဲ့ အပြုံးတွေကိုပဲ ပိုပြီးလိုလားတာပါ ....
မျိုသိပ်ခြင်းဟာ စကားလုံးတွေကို ဆွံ့အ စေတတ်ရင်
မင်းကိုချစ်တယ်ဆိုတဲ့စကား ရင်ထဲမှာထား
ငါတကိုယ်တည်းတော့ကြားလောက်ပါရဲ့
တကယ်ပါ နှစ်ကိုယ်တူမချစ်ရပေမဲ့ တကိုယ်ရေချစ်နေရရင်ပဲကျေနပ်ပါတယ်
ကောင်မလေးရယ် .....
Character must be kept bright, as well as clean.
အကျင့်စာရိတ္တကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သကဲ့သို့ တောက်ပြောင်နေရန်လည်း ဆောင်ရွက်ရမည်။
0 comments:
Post a Comment