Sunday, September 27, 2009
အချိန်
ရပ်နေသော..နာရီသည်
တစ်နေ့(၂)ခါမှန်၏..
သွားနေသော..နာရီကား
မှန်ခဲ၏..
မည်သို့ပင်ဖြစ်စေ..
သင်သည်..အချိန်ကိုလေးစားရာ၏..
လူသားတို့၏..“ဘ၀တိုးတက်မှု”
အနိမ့်အမြင့်..ကွာရခြင်းကား..
တစ်နေ့၏.. စက္ကန့်အချိန်များကို...
တန်ဖိုးထားခြင်းနှင့်..
ထိုအချိန်များကို..
မည်သို့အသုံးပြုခြင်းအပေါ်၌
“ကွာဟ”သွား၏..
သင့်ဘ၀ကို..ချစ်ပါ၏လော...
သို့ဆိုလျှင်.....
သင့်ဘ၀အချိန်များကို....
ချစ်တတ်ရာ၏....
အကြောင်းမှာ..
လူသက်တမ်းကို...“နှစ်(၁၀၀)”နှင့်တွက်လျှင်..
သင်သည် ဤလောက၌ ရက်ပေါင်း
(၃၆၅၀၀)သာနေခွင့်ရှိသည်...။
သင့်ဘ၀၏..နေ့ရက်များကို
မည်မျှ.. သုံးပြီးပြီနည်း...
သင့်ဘ၀၏..နေ့ရက်များ...
မည်မျှသာ.. ကျန်တော့သနည်း...
ထိုကျန်သော နေ့ရက်များကို...
သင်မည်သို့ အသုံးပြုမည်နည်း....။
“သတိ”ဖြင့် အချိန်ကိုလေးစားပါလော့..
သင့်အား..သူတစ်ပါး..ကြာရှည်စွာ..
စောင့်မျှော်ရခြင်းမျိုး.. မဖြစ်စေနှင့်..
အကြောင်းမူ..
ထိုသူတို့သည်လည်း..
သူ့ဘ၀နှင့်.. သူ့အချိန်နှင့်ဖြစ်၏..။
“ဦးစီးခေါင်းဆောင်”တစ်ယောက်သည်...
သူ့အချိန်ကို.. သူမလေးစားပါက..
“ငယ်သား”လေးစားမည်မဟုတ်ချေ..။
“အချိန်နှင့်ပြိုင်၍..ကစားလော့..”
သင်၏ “စီမံခန့်ခွဲမှုအစွမ်း”..
မည်မျှရှိသည်ကို..
ဆုံးဖြတ်ပေးပေလိမ့်မည်...။
အချိန်နှင့်အကြိမ်ကြိမ်ပြိုင်၍ ကစားလော့...
သင်အကြိမ်ကြိမ်ရှုံးသည်ဖြစ်စေ..
သင့်အရည်အချင်းတိုးတက်၏..
အချိန်နှင့်ပြိုင်၍...“သင်မသေနိုင်”...။
“လော”၍ မရသော....
အကြောင်းတရားတို့သည်လည်းရှိသေး၏..
ပန်းတစ်ပွင့်၏ ဖူးပွင့်ခြင်း..
“ပါရမီ”နည်းသူ..
အနုပညာဖန်တီးသူ..
သန်းခေါင်ယံ၌..“နေမင်းကြီး”ကိုစောင့်စားသူ....
စာသင်သား..
တစ်ထိုင်တည်း.. ဖြေရှင်း၍မရသော “ပြဿနာ”......။
အချိန်သည် “သစ္စာတရား”လည်း ဖြစ်၏..
နက်ဖြန်၌ နေမင်းကြီးထွက်လာပါမည်လော...
သင်ပူပင်ဖူးပါ၏လော...........
အချိန်ဟူသည်..
“တကယ်မရှိ”သော... “အရှိတရား”လည်းဖြစ်၏..
“တကယ်ရှိ”သော ..“မရှိခြင်းတရား”လည်းဖြစ်၏..
ဘက်မလိုက်တတ်သော
တရားသူကြီးတစ်ယောက်နှင့်လည်းတူ၏..
နှလုံးသားမပါသော
ခရီးသွားတစ်ယောက်နှင့်လည်း တူ၏..
ကြားပြီးလျှင်..ပြန်ပျောက်သွားသော...
တီးတိုးသံလေး..တစ်ခုနှင့်လည်းတူ၏..
မိုးတိမ်တိုက်တို့၏..
ပျံသန်းခြင်းနှင့်လည်းတူ၏....
ငေးမောသူကလည်း.. ငေးမောဆဲ
သွားသူကလည်း..သွားနေဆဲ.....။
“စောင့်”...ရမည့် အချိန်တွင်..
မတက်လေနှင့်...
“တက်”ရမည့်အချိန်တွင်လည်း
မစောင့်လေနှင့်....။
ထိုအရာကို ခွဲခြားတတ်ရန်
သင်အကြိမ်ကြိမ်....
“အချိန်”နှင့် ကစားလော့
တစ်နေ့(၂)ခါမှန်၏..
သွားနေသော..နာရီကား
မှန်ခဲ၏..
မည်သို့ပင်ဖြစ်စေ..
သင်သည်..အချိန်ကိုလေးစားရာ၏..
လူသားတို့၏..“ဘ၀တိုးတက်မှု”
အနိမ့်အမြင့်..ကွာရခြင်းကား..
တစ်နေ့၏.. စက္ကန့်အချိန်များကို...
တန်ဖိုးထားခြင်းနှင့်..
ထိုအချိန်များကို..
မည်သို့အသုံးပြုခြင်းအပေါ်၌
“ကွာဟ”သွား၏..
သင့်ဘ၀ကို..ချစ်ပါ၏လော...
သို့ဆိုလျှင်.....
သင့်ဘ၀အချိန်များကို....
ချစ်တတ်ရာ၏....
အကြောင်းမှာ..
လူသက်တမ်းကို...“နှစ်(၁၀၀)”နှင့်တွက်လျှင်..
သင်သည် ဤလောက၌ ရက်ပေါင်း
(၃၆၅၀၀)သာနေခွင့်ရှိသည်...။
သင့်ဘ၀၏..နေ့ရက်များကို
မည်မျှ.. သုံးပြီးပြီနည်း...
သင့်ဘ၀၏..နေ့ရက်များ...
မည်မျှသာ.. ကျန်တော့သနည်း...
ထိုကျန်သော နေ့ရက်များကို...
သင်မည်သို့ အသုံးပြုမည်နည်း....။
“သတိ”ဖြင့် အချိန်ကိုလေးစားပါလော့..
သင့်အား..သူတစ်ပါး..ကြာရှည်စွာ..
စောင့်မျှော်ရခြင်းမျိုး.. မဖြစ်စေနှင့်..
အကြောင်းမူ..
ထိုသူတို့သည်လည်း..
သူ့ဘ၀နှင့်.. သူ့အချိန်နှင့်ဖြစ်၏..။
“ဦးစီးခေါင်းဆောင်”တစ်ယောက်သည်...
သူ့အချိန်ကို.. သူမလေးစားပါက..
“ငယ်သား”လေးစားမည်မဟုတ်ချေ..။
“အချိန်နှင့်ပြိုင်၍..ကစားလော့..”
သင်၏ “စီမံခန့်ခွဲမှုအစွမ်း”..
မည်မျှရှိသည်ကို..
ဆုံးဖြတ်ပေးပေလိမ့်မည်...။
အချိန်နှင့်အကြိမ်ကြိမ်ပြိုင်၍ ကစားလော့...
သင်အကြိမ်ကြိမ်ရှုံးသည်ဖြစ်စေ..
သင့်အရည်အချင်းတိုးတက်၏..
အချိန်နှင့်ပြိုင်၍...“သင်မသေနိုင်”...။
“လော”၍ မရသော....
အကြောင်းတရားတို့သည်လည်းရှိသေး၏..
ပန်းတစ်ပွင့်၏ ဖူးပွင့်ခြင်း..
“ပါရမီ”နည်းသူ..
အနုပညာဖန်တီးသူ..
သန်းခေါင်ယံ၌..“နေမင်းကြီး”ကိုစောင့်စားသူ....
စာသင်သား..
တစ်ထိုင်တည်း.. ဖြေရှင်း၍မရသော “ပြဿနာ”......။
အချိန်သည် “သစ္စာတရား”လည်း ဖြစ်၏..
နက်ဖြန်၌ နေမင်းကြီးထွက်လာပါမည်လော...
သင်ပူပင်ဖူးပါ၏လော...........
အချိန်ဟူသည်..
“တကယ်မရှိ”သော... “အရှိတရား”လည်းဖြစ်၏..
“တကယ်ရှိ”သော ..“မရှိခြင်းတရား”လည်းဖြစ်၏..
ဘက်မလိုက်တတ်သော
တရားသူကြီးတစ်ယောက်နှင့်လည်းတူ၏..
နှလုံးသားမပါသော
ခရီးသွားတစ်ယောက်နှင့်လည်း တူ၏..
ကြားပြီးလျှင်..ပြန်ပျောက်သွားသော...
တီးတိုးသံလေး..တစ်ခုနှင့်လည်းတူ၏..
မိုးတိမ်တိုက်တို့၏..
ပျံသန်းခြင်းနှင့်လည်းတူ၏....
ငေးမောသူကလည်း.. ငေးမောဆဲ
သွားသူကလည်း..သွားနေဆဲ.....။
“စောင့်”...ရမည့် အချိန်တွင်..
မတက်လေနှင့်...
“တက်”ရမည့်အချိန်တွင်လည်း
မစောင့်လေနှင့်....။
ထိုအရာကို ခွဲခြားတတ်ရန်
သင်အကြိမ်ကြိမ်....
“အချိန်”နှင့် ကစားလော့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment