လူမှန်သမျှ မိမိကိုယ်ကို ကျောက်ဆောင်၊ ပတ်ဝန်းကျင်ကို လှိုင်းတံပိုးကဲ့သို့ သဘောထားပါ။
လူသည် ကိုယ့်အကြောင်းကို ကိုယ်သိအောင် ကြိုးစားရန် များစွာ လိုသေးသည်။
လူများသည် အမြဲ ချင် ကိုက်ခံနေရ၏။ လိုချင်၊ ရချင်၊ ဖြစ်ချင်သာဆန္ဒကို လိုက်နေရသည်။
လူသည် မိမိလုပ်ဆောင်ချက် အတိုင်းအတာအရ တုံ့ပြန်မှုတူညီသော ခံစားချက်သာလျှင် ခံစားရပေမည်။ ဤသည်ကို အလိုမကျ၊ မကျေမနပ်ဖြစ်နေလျှင် မိမိကိုယ်ကို ညှင်းဆဲရာရောက်၏။
လူမှန်သမျှ အကျိုးခံစားလိုလျှင် အကျိုးဖြစ်မည့်အကြောင်းကို ပြုရ၏။ အကျိုးခံစားရမည့်အကြောင်းကို မပြုဘဲ အကျိုးခံစားရန် မရှိ။
လူသားအတွက် လောက၌ အလိုအပ်ဆုံးတရားသည် သတိတရားဖြစ်၏။ အစဉ်သတိတရားကို သတိထားမှတ်သားလေ့ရှိရာ၏။ ဘေးဒုက္ခတို့သည် သတိကင်းမဲ့သော သူတို့ထံသို့သာ ၀င်လာသော်လည်း သတိရှိသူတို့အား ဘေးဒုက္ခတို့ မတတ်နိုင်ကုန်။
0 comments:
Post a Comment