Wednesday, April 15, 2009
မှတ်စုတိုများ
အချိန်သာလျှင် အကောင်းအဆိုးကို စမ်းသပ်သိရှိနိုင်မည်။
အဖြစ်မှန်သာလျှင် အတုအစစ်ကို သက်သေထူပြနိုင်မည်။
နားဖြင့်လျှော့နားထောင်ပြီး မျက်စိဖြင့် ပိုကြည့်ပါ။
သို့မှသာ အတိမ်းအစောင်း အမှားအယွင်းနည်းမည်။
လက်ညှိုးဖြင့်လျှော့ညွှန်ပြီး ခြေထောက်ဖြင့် ပိုလျှောက်ပါ။
သို့မှသာ အကျိုးဖြစ်ထွန်းမှု ပိုများမည်။
နှုတ်ဖြင့်လျှော့ပြောပြီး ဦးနှောက်ကို ပိုသုံးပါ။
သို့မှသာ ဘက်စုံအသုံးချနိုင်မည်။
ဦးနှောက်သုံး စဉ်းစားတွေးဆခြင်းမပြုလျှင် အများအားဖြင့် မှားယွင်းတတ်သည်။
အတွေ့အကြုံရှိသည့် လုပ်ဆောင်မှုသည် အများအားဖြင့် စိတ်ချနိုင်လောက်သည်။

Friday, April 10, 2009
ရင့်သန်မှုနှင့် ရင့်ရော်မှု
အတွေးအခေါ်ရင့်သန်မှုသည် ဘ၀ တိုးတက်ရေးအတွက် အထူးလိုအပ်ချက်တစ်ရပ် ဖြစ်သည်။ အတွေးအခေါ်ရင့်သန်မှုနှင့် ရင့်ရော်မှုတို့ကို ခွဲခြားတတ်ရန် လိုပါသည်။ ရင့်သန်သည်ဆိုသည်မှာ ခေတ်မီရုံတင်မက၊ ခေတ်ထက်တောင်မှ ရှေ့တန်းကျသည်။ ခေတ်၏ရှေ့ဆောင်သဖွယ် ဖြစ်နိုင်သည်။ ထိုသို့သော လူကြီးမျိုးသည် လူငယ်များကို နားလည်သည်။ လက်ခံအားပေးသည်။ လူငယ်များကို ရှေ့ဆောင် လမ်းပြ၏။ အတွေးအခေါ်ရင့်ရော်သူများကတော့ လူငယ်တွေ တိုးတက်မှာကို လက်မခံကြဘူး။ လူငယ်တွေရဲ့ အပြစ်ကိုသာ ရှာကြတယ်။ ဝေဖန်ကြတယ်။ သူတို့တဖြည်းဖြည်း အသုံးမကျတာကို ဖုံးဖိချင်ကြတယ်။ ဒါနဲ့ပဲ လူငယ်တွေရဲ့အပြစ်ကို ပြောတော့တာပဲ။ သူတို့ဘာလုပ်ခဲ့တယ်လို့ ကြွားချင်တယ်။ တို့ခေတ်တုန်းက ဘယ်လိုလို့ ရေရွတ်တယ်။ အသက်ကြီးလေလေ စိတ်ဓာတ်ရင့်ရော်လေလေပဲ။ လူကြီး လူတေဆိုတာမျိုး အသက်ကြီးတာကို အခွင့်ကောင်းယူပြီး လူပါးဝနေတဲ့ ပုဂ္ဂိုလ်တွေကို အပေါကြီးလို့ ခေါ်ရလိမ့်မယ်။
Thursday, April 2, 2009
ဘ၀လမ်းပြ လူ့စကားပုံ
လူ့လောကကြီး၌ လူအချို့သည် တက်လျက်ရှိပြီး အချို့မှာက ဆင်းလျက်ရှိကြ၏။ လောကကြီးကား လှေကားတစ်ခုနှင့်တူ၏။
လူမှန်သမျှ မိမိကိုယ်ကို ကျောက်ဆောင်၊ ပတ်ဝန်းကျင်ကို လှိုင်းတံပိုးကဲ့သို့ သဘောထားပါ။
လူသည် ကိုယ့်အကြောင်းကို ကိုယ်သိအောင် ကြိုးစားရန် များစွာ လိုသေးသည်။
လူများသည် အမြဲ ချင် ကိုက်ခံနေရ၏။ လိုချင်၊ ရချင်၊ ဖြစ်ချင်သာဆန္ဒကို လိုက်နေရသည်။
လူသည် မိမိလုပ်ဆောင်ချက် အတိုင်းအတာအရ တုံ့ပြန်မှုတူညီသော ခံစားချက်သာလျှင် ခံစားရပေမည်။ ဤသည်ကို အလိုမကျ၊ မကျေမနပ်ဖြစ်နေလျှင် မိမိကိုယ်ကို ညှင်းဆဲရာရောက်၏။
လူမှန်သမျှ အကျိုးခံစားလိုလျှင် အကျိုးဖြစ်မည့်အကြောင်းကို ပြုရ၏။ အကျိုးခံစားရမည့်အကြောင်းကို မပြုဘဲ အကျိုးခံစားရန် မရှိ။
လူသားအတွက် လောက၌ အလိုအပ်ဆုံးတရားသည် သတိတရားဖြစ်၏။ အစဉ်သတိတရားကို သတိထားမှတ်သားလေ့ရှိရာ၏။ ဘေးဒုက္ခတို့သည် သတိကင်းမဲ့သော သူတို့ထံသို့သာ ၀င်လာသော်လည်း သတိရှိသူတို့အား ဘေးဒုက္ခတို့ မတတ်နိုင်ကုန်။

Subscribe to:
Posts (Atom)